တိုက်ကြီးမြို့နယ်၌ ကျောင်းများမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောသရုပ်ပြပွဲကျင်းပ

တိုက်ကြီး နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျောင်းများမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။

ဉီးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်ဦးက မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဦးမိုးကျော်ဦးက ကျောင်းများမီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် အရေးပေါ်မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနရှိ တာဝန်ရှိသူများက လက်တွေ့သရုပ်ပြသည်။ အဆိုပါဟောပြောသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမောင်မောင်လတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်ချစ်ထက်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် ( ပြန် / ဆက် )