မိုင်းနောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းနောင် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုင်းနောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကာ မိမိတို့ဒေသအတွင်း လက်ရှိဆောင်ရွက်နေသော လုပ်ငန်းကိစ္စရပ်များကို တင်ပြခဲ့ကြသည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒေသတွင်းဆောင်ရွက်နေသော လုပ်ငန်းများအပေါ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးလုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦီးသက်နောင်ဖြူနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ မိုင်းနောင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)