ချောင်းဆုံ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၁၉ ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ(၂)ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဈေးဆိုင်များအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)