နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်() နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မျိုးက လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် မီးခိုးမြူငွေ့များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံနှင့် မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ ကာကွယ်ရေးနည်းလမ်းများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)