မဟာအောင်မြေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ  နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်‌ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအ‌နေဖြင့် မိမိဖြေဆိုမည့် ဘာသာရပ်များအပေါ် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား သိရှိဖို့လိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးလျက်ရှိသည့်အတွက်  ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများပို့ချပေးသည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သားကြရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာများ၊ ကျောင်းသားမိဘများက တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း