အင်တော နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ကျရောက်မည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ‘အမျိုးသားအောင်ပွဲနေ့ တို့မမေ့’ ခေါင်းစဉ်ဖြင့် အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ဖြေဆိုသည်။
အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဆရာမများက ဒိုင်းဆုနှင့် ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)