လဲချား နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဦးစီးအရာရှိဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက် ရည်ရွယ်၍
အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသူ၊ ကျောင်းသူ (၃၈)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)