အလုံမြို့နယ်၌ ပန်းအလှဆင်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

အလုံ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းသေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ပန်းအလှဆင်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ‌

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ​​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းနည်းပြဆရာမဒေါ်စုစုလွင်က သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များ၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အ​​မျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာမများ၊ ကျောင်းသူများ စုစုပေါင်း ၃၀ ဦးတို့က စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ကြည့်ရှုခဲ့ကြပြီး ​သင်တန်းအား နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)