သံဖြူဇရပ် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှုများ အသိပညာပေးဟောပြောခြင်းကို နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ဟောပြောရာတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင့်မှ မီးဘေးလုံခြုံရေးနှင့်မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ထွေးက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် (Foam)အမြှုပ်မီးသတ်ဆေးရည်ဂါလန်(၁၀၀)ထားရှိရေးနှင့် မီးဘေးအန္တရာယ်မှကင်းဝေးစေရေးကြိုတင်ကာကွယ်နည်းများအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)