မုဒုံမြို့၌ အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စျေးကွက်ကွင်းဆင်းစစ်ဆေး

မုဒုံ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မစျေး၌ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သံသယရှိအစားအသောက်များ နမူနာဝယ်ယူခြင်း၊ တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိတို့ကို စျေးဆိုင်(၁၀)ဆိုင်၌ စစ်ဆေးခဲ့ပြီး အဆိုပါဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများနှင့် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချနေမှုမရှိကြောင်း စျေးကွက်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)