ကျိုင်းတုံ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် မိုင်းအခြေခံ(ဆင့်ပွား) အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက်က ကျိုင်းတုံမြို့၊ အမှတ်(၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးသန့်ဇင်က မိုင်းအခြေခံ အချက်အလက်များကိုသိရှိနားလည်ပြီး မိုင်းသတိ၊ မိုင်အသိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်သင်တန်းသားတပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းက ပို့ချလေ့ကျင့်ပေးသည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေး အလေးအနက်ထား မှတ်သားလေ့လာကြရန် အမှာစကားပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၃၀ ဦး တက်ရောက်ပြီး နိုဝင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ မိုင်းအန္တရာယ်အခြေခံသဘောတရားများနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)