တာချီလိတ် နိုဝင်ဘာ ၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကကြီးမှူး၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ပန်ဂျီဟတ်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ တာချီလိတ်ခရိုင်မှ ဦးစီးအရာရှိဦးဖြိုးဝေစံက “သစ်တောနှင့်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဦးစီးအရာရှိဦးရန်လင်းမောင်မောင်ဦးက “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောပြီး ကျေးရွာသူ/ ကျေးရွာသားများ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)