မိုင်းရှူး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များကို သိရှိစေရေးအတွက် ယနေ့နံနက်(၈)နာရီခွဲအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အလယ်တန်းပြဆရာမ ဒေါ်နန်းဆိုင်အောင်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောရာ Grade-5 မှ Grade-11 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)