လှိုင် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် လူဦးရေ(၅၀)ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ M.G ယာဥ်မောင်းသင်တန်းတာဝန်ခံ ဦးကျော်ကျော်ထွန်းက ယာဉ်မောင်းနှင်ရာတွင် လမ်းညွှန်အမှတ် အသားနှင့် အချက်ပြမီးအား လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ထားသည့် ဝန်တင်အား အတိုင်း တင်ဆောင်မောင်းနှင်ပြီး သတ်မှတ်မိုင်နှုန်းထားအတိုင်းသာ မောင်းနှင်ရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအားဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျ ဆောင်းကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် ကားထိုင်ခုံခါးပတ်များကိုစနစ်တကျ တပ်ဆင်မောင်းနှင်သွားလာကြရန်နှင့်ယာဉ်မောင်းစဉ် လိုက်နာရမည့်အချက်များ၊ လမ်းမကြီးတွင် လိုက်နာရမည့်စည်းကမ်းများနှင့်သိသင့် သိထိုက်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)