ကျိုင်းတုံ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဖာနဒေကျေးရွာတွင် ကျင်းပသည်။
ဟောပြောပွဲတွင် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုင်းဝေယံထွန်း ရွှေ့ပြောင်းတောင်ယာ အများဆုံးစိုက်ပျိုးလုပ်ကိုင်သည့်နေရာများနှင့် ကာလများ၊ တောင်ယာစိုက်ပျိုးရန် မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့နှင့်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ မီးခိုမြူငွေ့တွင်ပါဝင်သော လေထုညစ်ညမ်းစေသည့် အကြောင်းအရာများနှင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ စသည့်အကြောင်းအရာများကိုလည်းကောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးစောလှမင်းက သစ်တောကဏ္ဍနှင့်ပတ်သက်၍ မီးခိုးမြူငွေ့လျှော့ချစေရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ကျေးရွာနေဒေသခံပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)