ပေါင် နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပညာရေးမိသားစု (သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မုကျိကျေးရွာ မဟာဗောဓိစေတီတော်မြတ်၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ပေါင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒောဘာသဘုရာကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး မုကျိတိုက်ကျောင်းဆရာတော်အရှင်ဉေယျဓမ္မထံမှ ဩဝါဒခံယူခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော် မြတ်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းနှင့်စပ်လျဥ်း၍ လျှောက်ထားတင်ပြပြီးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ပေါင်မြို့နယ်အတွင်းရှိ (အ.ထ.က)နှင့် (အ.လ.က)ကျောင်းများ၌ ဓမ္မစကြာတစ်ဖွဲ့လျှင် (၂၂)ဦး၊ ပြိုင်ပွဲဝင် (၁၉)ဖွဲ့၊ ပဌာန်းဒေသနာတော် တစ်ဖွဲ့လျှင်(၂၅)ဦး၊ ပြိုင်ပွဲဝင် (၁၃)ဖွဲ့တို့ဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့မှ(၁၉) ရက်နေ့အထိ (၃)ရက်ကြာပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)