မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့အား စစ်ဆေး၍ အဆိုပါရပ်ကွက်၌ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးပြီး အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် FL-12 လိုင်စင်ရ ယစ်မျိုးဆိုင်များအား ဥပဒေနှင့်အညီရောင်းချမှု ရှိ/မရှိကို မြို့နယ် Task Force အဖွဲ့နှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)