ကျိုက်ထို နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလ) အခါတော်နေ့တွင် ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး တရားဘာဝနာများ ရွတ်ဖတ်ပူဇော်လျက်ရှိကြသည်။ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)