ဟိုပုံး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်နှစ်စဥ်ကျင်းပ ပြုလုပ်မြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပဒေသာပင်လှည့်လည်ပွဲကို သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးမှစတင်၍ သီရိမင်္ဂလာလမ်း-ပြည်ထောင်စုလမ်းမကြီးအတိုင်း ထိုမှတစ်ဆင့် ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း သီရိမင်္ဂလာဗိမာန်အထိ လှည့်လည်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ ဒေသခံ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များမှလှူဒါန်းထားသည့် ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းပဒေသာပင်များကို မော်တော်ယာဉ်များဖြင့်တင်ဆောင်ကာ မြို့ပတ်လှည့်လည်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် တန်ဆောင်မုန်းလ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော မဟာကထိန်ပွဲတော်ကြီးတွင်အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများတွင် စေတနာထက်သန်စွာဖြင့် ရိုးရာမပျက် နှစ်စဥ်အေးချမ်းစွာ ကုသိုလ်ယူလှူဒါန်းကြကြောင်းသိရသည်။ အဆိုပါ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်တွင် ပဒေသာပင်ပေါင်း (၄၃) ပင် စုစုပေါင်းတန်ဖိုးငွေကျပ် (၄၆၄၀၈၈၆ဝ) သိန်းဖြစ်ပြီး ဆရာ တော်၊ သံဃာတော်များပင့်ဆောင်၍ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် လှူဒါန်းမှုအစုစုတို့အတွက် သီရိမင်္ဂ လာဗိမာန်တွင် ရေစက်သွန်းချအမျှပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)