မိုင်းဖြတ်မြို့နယ်၌ က​လေးအလုပ်သမားပ​ပျောက်ရေး အသိပညာ​ပေး​ဟော​ပြော

မိုင်းဖြတ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် က​လေးအလုပ်သမားပပျောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို နိုဝင်ဘာလ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ဦးစီးအရာရှိ ​ဒေါ်အေးဝင်းခိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ယ​နေ့​ခေတ်တွင် အ​ကြောင်းအမျိုးမျိုး​ကြောင့် ကလေးသူငယ်များ အလုပ်ခိုင်းစေခြင်းခံရသည့် ဥပမာများကို ရှင်းလင်းပြောကြားပြီး ​ကျောင်းသား၊ ​ကျောင်းသူများအ​နေဖြင့် အသက်အရွယ်မပြည့်​သေးသည့်ကာလတွင် အလုပ်ခိုင်းစေခြင်းမခံရ​အောင် လိုက်နာရမည့်အချက်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်းနောက် ​​ကျောင်းသား၊ ​ကျောင်းသူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထို့​နောက် ​ကျောင်းသား၊ ​ကျောင်းသူများက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာ​စောင်များ၊ နံရံကပ်စာ​စောင်များကို ​လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)