အလုံ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းသေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အလုံခရိုင်အမျိုးသမီးရေားရာအဖွဲ့ အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်များ၊ အလုံမြို့နယ် စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာမများ၊ ကျောင်းသူများ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် အခမ်းအနားအား အစီအစဥ် ၆ ရပ်ဖြင့် ကျင်းပခဲ့ရာ အ.ထ.က(၆)မှ ကျောင်းသား မောင်ကောင်းထက်မြတ်က အလှကမ္ဘာ မြေဝယ်၊ ဘယ်ပန်းလျီရေးလို့မမှီ စသည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မွန်းလွဲ ၁နာရီမှ ၄နာရီထိ သင်တန်းသူ(၂၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)