ပြင်ဦးလွင် နို၀င်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆောင်းနေကြာသီးနှံစိုက်ခင်းများအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး)၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေါ်ခင်မိုးကြည်(ဦးစီးအရာရှိ)နှင့်တာ၀န်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘိုးနေဒွန်းကျေးရွာ ဘိုးနေဒွန်း(စိုက်/ထွေ) သမဝါယမအသင်းလီမိတက်တွင် ဆောင်းနေကြာစိုက်ပျိုးထားသည့် အသင်းသားတောင်သူများနှင့် ကျွန်းတပင်ကျေးရွာရှိ ရွှေ၀က်ဝံ (စပါး)မျိုးစေ့ထုတ်သမဝါယမအသင်းလီမိတက်တွင် ဆောင်းနေကြာစိုက်ပျိုးထားသည့် အသင်းသားတောင်သူများအားတွေ့ဆုံ၍ ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သွေးသွေး(ခရိုင် /ပြန်ဆက်)