မိုင်းယောင်းမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု Clean & Green School Award ရွေးချယ်နိုင်ရေးဆောင်နေမှု လိုအပ်သည်များ ဖြည့်ဆည်းပေး

မိုင်းယောင်း နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အထက(တပ်တွင်း)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု Clean & Green School Award ရွေးချယ်နိုင်ရေး လုပ်ငန်းများဆောင်နေမှုအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံပြီး အထက(တပ်တွင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းရွေးချယ်နိုင်ရေး လုပ်ငန်းများဆောင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ဆွေးနွေးချက်၊ တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းရွေးချယ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူငွေ ကျပ်ငါးသိန်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ပုဗ္ဗဝိဇိယစေတီတော်ရှေ့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ သက်သာ ချောင်ချိရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းယောင်းတပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များမှ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား (၃၀) ဦးဖြင့် ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း