ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲဖြေဆိုအောင်မြင်သည့် သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

ဟိုပုံး   နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့်  သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးများ၊ ရှမ်းပြည်နယ် သာသာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ၊  ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နာဂပုရသာသနာ လင်္ကာရသာမဏေကျော်အသင်းမှ ကြီးမှူးကျင်းပသော (စတုတ္ထအကြိမ်မြောက်) မြန်မာနိုင်ငံလုံး ဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင်  ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း(၁၁၀၉) ပါးတို့ကို ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ဩဝါဒစရိယဥက္ကဋ္ဌ ဆရာတော်များအား ပင့်လျှောက်ပြီးနောက် ပအိုဝ်းဝိဿခါ ဓမ္မစင်္ကြာဝတ်အဖွဲ့မှ နတ်၊ ဗြဟ္မာများ ဖိတ်ကြား၍  ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ အဆင့်/မြိုနယ် အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်အပေါင်းတို့က နာဂပုရသာသနာလင်္ကာရအသင်းကြီးဥက္ကဋ္ဌ၊ ဟိုပုံးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ တုံခမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာလောကမဟာထေရ်ထံမှ သရဏဂုံသီလနှင့် ပရိတ်တရား‌တော်များကို ချီးမြှင့်တော်မူသည်။ ထို့နောက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်‌ဆောင် နာဂပုရသာသနာလင်္ကာရအသင်းကြီး ဩဝါဒါစရိယ၊ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓါနနာယကဆရာတော်ကြီးထံမှ သာရဏီယဩဝါဒကထာ ချီးမြှင့်တော်မူပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သာသနာတော်ဆိုင်ရာလျှောက်ထားသည်။ 

ယင်းနောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲအသင်းမှ ကြီးမှူးကျင်းပသော နာဂပုရသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ရ အထူးအောင် သံဃာတော်နှင့် သီလရှင်တို့အား ပအိုဝ်းဝိဿာခါ ဓမ္မစင်္ကြာအသင်းမှ (၈) လုံးဘွဲ့ ကဗျာဖြင့် ပူဇော်ကြသည်။ ဆက်လက်၍  ရှမ်းပြည်နယ် အစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် နာဂပုရ သာသနာ လင်္ကာရသာမဏေကျော်စာမေးပွဲ၌ အထူးအောင် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အလှူငွေများဆက်ကပ်ကြပြီး နာဂပုရ သာသနာလင်္ကာရအသင်းကြီး၏ ဦး‌ဆောင်ဆရာတော်၊ သာသနာလင်္ကာရ ကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာလင်္ကာရ ကျေးဇူးတင်ဝမ်းမြောက်စကားမိန့်ကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ စာအောင်ဆု နှင်းသဘင်အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)