နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ စုဒ္ဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၆

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာမိသားစုများ၏ စုဒ္ဒသမအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အခမ်းအနားကျင်းပရာတွင် ဆရာတော်သံဃာတော်ကြီးများကိုပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျစီစဉ်ဆောင်ရွက်ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင်က အတည်ပြုဆုံးဖြတ်ရမည့်အချက်များ ဆုံးဖြတ်ပေးပြီး ဆပ်ကော်မတီများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)