ခိုလမ်မြို့တွင် တည်းခိုခန်းနှင့်စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ခိုလမ် နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့စည်ပင်သာယာရေးဌာနမှ တည်းခိုခန်းများနှင့်စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ()နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးဌာန၊ မြို့နယ်ခွဲတာဝန်ခံဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက တည်းခိုခန်းနှင့်စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စားသုံးသူများကျန်းမာရေးနှင့်အညီ တည်းခိုစားသောက်နိုင်စေရန်၊ ချမှတ်ထားသောစည်းကမ်းချက်များအား အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးပြောကြားခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)