ကျောက်တန်းတွင် “မရှိ၍ မလင်းသူမရှိစေရ” ဆင့်ပွားသင်တန်း ဖွင့်လှစ်

ကျောက်တန်း နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသော “မရှိ၍ မလင်းသူမရှိစေရ” ဆင့်ပွားသင်တန်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှူးဒေါက်တာမောင်မောင်ပြေမှ အဖွင့်အမှာစကား ပြောကြားကာ “မရှိ၍ မလင်းသူမရှိစေရ” မျက်စိတွင်ဖြစ်ပွားတတ်‌ သောရောဂါများအကြောင်း၊ မျက်စိ‌ရောဂါကုသခံယူရတွင် လိုက်နာရမည်အချက်များ ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့်အဖွဲ့၀င်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးဌာနမှူး ဒေါက်တာ မောင်မောင်ပြေနှင့် ကျန်းမာ‌‌ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များမှ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)