ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာ ၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားများပါဝင် ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student Participation Initiative (SPI) အကောင်အထည် ဖော်ရေး လုပ်ငန်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၂)ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က၊ ထန်းတပင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အဖွဲ့(၅)ခွဲ ကျောင်းသားများပါဝင် ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student Participation Initiative(SPI) အကောင်အထည်ဖော်ရေးလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများကို ခေါင်းစဥ် (၁၀)မျိုးဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် အကောင်းဆုံးဆုရရှိခဲ့ကြသည့် အဖွဲ့များကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးသာကျော်က ဆုများပေးအပ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၄၅)ဦးတို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)