ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသည့် မရှိ၍ မလင်းသူ မရှိစေရ ဆင့်ပွားသင်တန်း အခမ်းအနား ယမန်နေ့ နံနက် (၁၁) နာရီက အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ နွေးအိလှိုင်က မျက်စိ ကျန်းမာရေးနှင့်ပတ်သက်သည့် အဓိကအချက်(၅)ချက်အား ချပြရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အင်းစိန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်းနှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ နွေးအိလှိုင်နှင့် ဦးစီးအရာရှိ ဒေါ်သန္တာမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)