မိတ္ထီလာခရိုင်အတွင်းမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့်ကျောင်းများသို့ တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

မိတ္ထီလာ နိုဝင်ဘာ ၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် လျက်ရှိသည့် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်းရှိ အ.ထ.က(၄)နှင့် ထမုန်ကန်ကျေးရွာ အ.မ.က(၄ဝ)သို့  ယမန်နေ့က ခရိုင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် အဆိုပါအခြေခံပညာကျောင်းနှစ်ကျောင်းတွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ်ရွေးချယ်မည့် အခြေခံစံနှုန်း ၄ ခု နှင့် အညွှန်းကိန်း ၁၇ တို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေများကို ခရိုင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကိုမှာကြားခဲ့သည်။ အဆိုပါ ခရိုင်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာ ၇ ခုမှ တာဝန်ရှိသူများဖြင့်ဖွဲ့စည်းထားပြီး လုပ်ငန်းများအောင်မြင်နိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ