မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရေပေးဝေရေး ပိုက်လိုင်း သွယ်တန်းတပ်ဆင်မှု လုပ်ငန်းခွင်အား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများက ပြည်သူများ ရေအသုံးပြုရာတွင် အဆင်ပြေစေမှုရရှိစေရန် ရေပေးဝေ ရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် သုဓမ္မာလမ်းမ ကြီးဧရာနှင် ဘုမ္မာကြား ၁၀၀၀ မီလီမီတာ ရေပေးဝေရေးပိုက်လိုင်း သွယ်တန်းတပ်ဆင်မှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)