မန္တလေး နိုဝင်ဘာ ၂၅
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနအဖြစ် ဖွင့်လှစ်ထားရှိ သော ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး (မန္တလေး) တွင် တစ်လတာ ပညာဒါန နှင့် လုပ်အားဒါနပြုခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အိုးဘိုရွှေကျင်ရပ်ကွက်ရှိ အဆိုပါခုတင် (၁၀၀) ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီး (မန္တလေး) ရှေ့မျက်နှာစာ၌ ပြုလုပ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာတွင် ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်း ဆေးရုံကြီး (မန္တလေး) တွင် တစ်လတာပညာဒါနနှင့် လုပ်အားဒါနပြုခဲ့ကြသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များ စုစုပေါင်း (၃၁) ဦးတို့အား တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)