စဉ့်ကိုင် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ကျေးရွာအုပ်စု (၁၀)အုပ်စု၊ ကျေးရွာပေါင်း(၁၇)ရွာရှိ လူနေအိမ် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၁၀၇) အိမ်အတွက် အိမ်ခြေ(၁)အိမ်လျှင် ထောက်ပံ့ငွေကျပ် (၂,၃၅ဝ,ဝဝဝိ/)ကျပ်အား လည်းကောင်း၊ လူနေအိမ် တစ်စိတ်တပိုင်း ပျက်စီးသည့်အိမ်ခြေ (၁၃၉) အိမ်အတွက် အိမ်ခြေ(၁)အိမ်လျှင် ထောက်ပံ့ငွေ (၁,၇၅ဝ,ဝဝဝိ/-) ကျပ်အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၄၉၄,၇၀၀,၀၀ဝိ/-)ကျပ်အား ရေဘေးသင့်မိသားစုများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)