မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မဟာအောင်မြေ အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၉၀) ၊ ၉၁(B)လမ်းနှင့် ၄၂ × ၄၃ လမ်းကြားရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့  တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး စုစုပေါင်း ၁၀၀ ဦး၊ အုပ်ချုပ်မှုယာဉ် ၃ စီး ၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး စုစုပေါင်း ၁၈ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဦးကျော်ငွေတိုး(ခ)ရွှေတိုးနှင့် ကိုမော်ကြီး နေထိုင်သော သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်သည့် အကြောင်းအရင်းကို  စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

အောင်ဇော်မင်း