ပြင်ဦးလွင် အောက်တိုဘာ ၂၆
၂၀၂၄ - ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စုပေါင်း၍ ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ ( ၂၅ ) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် သဘင်ပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မင်းမှ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ အသက် (၁၀) နှစ်မှ (၁၅) နှစ် ခေတ်ဟောင်းကာလပေါ်တေးသီချင်းပြိုင်ပွဲတွင် ဗဟိုအဆင့် ရွှေတံဆိပ်ဆုရရှိခဲ့သော အ.လ.က (၃)မှ မသွန်းဝတီထွဋ်က ပြိုင်ပွဲအတွေ့အကြုံများရှင်းလင်းပြောကြားခြင်း၊ အသက် (၁၅) နှစ်မှ (၂၀)နှစ် အမျိုးသမီးဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ဗဟိုအဆင့် ကြေးတံဆိပ်ဆုရ ပြိုင်ပွဲဝင်များကိုယ်စား အ.ထ.က (၁)မှ မမေဆုခိုင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗဟိုအဆင့်(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပြင်ဦးလွင်ခရိုင်မှ ကြီးကြပ်သူကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သော လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမူကပြိုင်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)