မော်လမြိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေလွှဲ ပြောင်းပေးအပ်

မော်လမြိုင်    အောက်တိုဘာ ၂၆

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဌာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြတ်မြတ်မွန်က မတည်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမ အသင်း(၂)သင်းအား သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း (၃၄၀၀၀၀၀၀/-)ကို ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်