သံဖြူဇရပ် အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စုရှိ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကကျင်းပရာ သင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ သံဖြူဇရပ်တပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၄)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ သင်တန်း၏အလေးပြုခြင်းကိုခံယူပြီး သင်တန်းအားစစ်ဆေးခြင်း၊ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများအားဆုများပေးအပ်ခြင်း၊ သင်တန်းသားများမှကတိသစ္စာခံယူခြင်း၊ ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး၊ သင်တန်းဆင်းတပ်ခွဲမှ ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)