အမရပူရမြို့နယ်တွင် မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

အမရပူရ အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရအချိန်က မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တာဝန်ခံကျောင်းဆရာ ဦးစိန်မောင်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဘက်ဦးစီးအရာရှိ ဦးမျိုးမင်း (မဘိန်းက လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအတွက် ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တ ဗလငါးတန်ပြည့်စုံစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ကလေးငယ်များအတွက် သိသင့်သိထိုက်သည့်အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် ကလေးငယ်များ လေ့လာနိုင်ရန်အတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)