အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ငါးခန်းတွဲ သုံးထပ် အဆောက်အဦတည်ဆောက်ရန် ပန္နက်တင်

မိုင်းယောင်း အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.ထ.က(တပ်တွင်း)၌ ယနေ့နံနက် ၇ နာရီခွဲက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း ငါးခန်းတွဲ သုံးထပ်ဆောင်အဆောက်အဦ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့သည်။

ဇေပိုင်ဦးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည့် အဆိုပါကျောင်းဆောင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်နေထွန်းနှင့်အဖွဲ့ဝင်(၂) ဦးစိုင်းခမ်းလူး၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်နှင့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)