ညောင်ဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်သန်းရင်းကောက်ယူခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ကောက်ယူပြီးစီးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအား အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၇ ရက်နေ့အထိသန်းခေါင်စာ ရင်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ရပ်ကွက် (၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၊ ကောက်ကွက်ပေါင်း (၅၇၃) ကွက်ရှိကာ၊ ကောက်ကွက်အဖွဲ့ (၄၁)ဖွဲ့ဖြင့် နေ့စဉ်ကောက်ယူခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့တွင် ကောက်ကွက်အားလုံးရာခိုင်နှုန်းပြည့်ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/မများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများဖြင့် စနစ်တကျဖွဲ့စည်းကောက်ယူခဲ့ခြင်းဖြင့် ရာခိုင်နှုန်းပြည့်ကောက်ယူပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း