ပင်းတယမြို့နယ်၌ ဆောင်းသီးနှံခရမ်းချဉ်သီးများ ဈေးကောင်းရရှိ၍ တောင်သူများ စားဝတ်နေရေးအတွက် အဆင်ပြေ

ပင်းတယ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဆောင်းသီးနှံ ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကောင်းရရှိနေကြောင်း သိရသည်။

ယခုအောင်ပန်းမြို့ပွဲရုံသို့ ဆောင်းသီးနှံ ခရမ်းချဉ်သီး အစိမ်းတစ်ပိဿာကို အရွယ်အစားပေါ်မူတည်၍ ကျပ် (၄၀၀ဝိ/-) မှ ကျပ် (၅၀၀ဝိ/-) ထိ ရရှိနေပြီး၊ ပိဿာချိန် (၃၀) ဝင်ခရမ်းချဉ်သီး အစိမ်းတစ်အိတ်ကို ကျပ်(၁၀၀,၀၀ဝိ/-) ကျော်ထိ တင်ပို့ရောင်းချရနေရကြောင်း တောင်သူတစ်ဦး ထံမှ သိရသည်။

ဓနုဒေသတွင် နေထိုင်ကြသူအများစုမှာ ဒေသနှင့်ကိုက်ညီသည် ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ထွက်ရှိလာသည့်သီးနှံများအား ရန်ကုန်၊ မန္တလေး၊ အောင်ပန်းအစရှိသည့်မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)