ကျောက်တံတား အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စာရေးဆရာများအသင်းက ကြီးမှူးကျင်းပသည့် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးကို ဗိုလ်အောင်ကျော်လမ်း၊ ဓမ္မာရုံ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကန်တော့ခံသက်ကြီးစာပေပညာရှင်များအား ပူဇော်ကန့်တော့ကြ၍ ၂၀၂၃ ခုနှစ်တွင် စာပေပညာဖြင့် ထူးချွန်ခဲ့ကြသည့် သက်ကြီးစာပေပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများ ချီးမြှင့်ခဲ့ကြပြီး၊ အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာများ၊ အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်အတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ခြင်းကို ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းက နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကန့်တော့ခံဆရာကြီး/ ဆရာမကြီး (၂၅) ဦးရှိပြီး၊ ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် စာရေးဆရာ/ ဆရာမများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျောက်တံတား(ပြန်ဆက်)