လဲချားမြို့တွင် သံဃာအပါး (၁၃၀၀) ကျော်အား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

လဲချား အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ယနေ့နံနက်(၆) နာရီခွဲအချိန်တွင် လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လဲချားမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ဘုန်းကြီးကျောင်းများမှ ဝါဆိုသံဃာများနှင့် သီလရှင်အပါး (၁၃၀၀) ကျော်တို့အား ဆွမ်းဆန်စိမ်းကို တပ်နယ်နှင့်တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်ပြည်သူများက လောင်းလှူကြ‌ကြောင်း သိရသည်။

လဲချား(ပြန်/ဆက်)