လွိုင်လင်မြို့တွင် (၉၅) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

လွိုင်လင်  အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော  မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ယနေ့မွန်းလွဲ(၁) နာရီအချိန်တွင် လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လွိုင်လင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ဘုန်းကြီးကျောင်းများမှ ဝါဆိုသံဃာများနှင့် သီလရှင်အပါး (၃၅၀) ကျော်တို့အား ဆွမ်းဆန်စိမ်းကို တပ်နယ်နှင့်တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များက လောင်းလှူကြ‌ကြောင်း သိရသည်။

လွိုင်လင်မိုး