ပြင်ဦးလွင် အောက်တိုဘာ ၁၈
ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီမီးထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီခွဲက ဘုရားကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးတွင် ဆီမီးထွန်းညှိပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ရာ ယခင်နှစ်များနည်းတူ ယခုနှစ်မှာလည်း ဆီမီး (၃၀၀၀) ကို ထွန်းညှိပူဇော်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆင်နွဲပူဇော်ကန်တော့ကြသည်။
ယခုလို သီတင်းကျွတ်လပြည့်နေ့ညတွင် မြတ်စွာဘုရားအား ဆီမီးများဖြင့် လှည့်လည်ပူဇော်ခြင်း၊ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားပန်းများ၊ အမွှေးနံ့သာတိုင်များ၊ သောက်တော်ရေချမ်းကပ်လှူရခြင်းကြောင့် အလွန်ပင်ကုသိုလ်များ ရရှိပါကြောင်း ဘုရားဖူးပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)