နေပြည်တော်အမျိုးသားပြတိုက်ခန်းမတွင် နှဲ ပြိုင်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ Signing Room၊ Banquet Hall ၊ Plenary Hall ၊News Briefing Room၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊  နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ပြိုင်ပွဲပေါင်းစုံကျင်းပရာ နှဲအမှုတ် ပြိုင်ပွဲကို အောက်တိုဘာ(၆)ရက်နေ့က အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ ကိုယ်စားပြု ဝါသနာရှင်(ဒုတိယတန်း)၊ ဝါသနာရှင်(ပထမတန်း)၊ အဆင့်မြင့်ပညာ၊ အခြေခံပညာ အသက် ၁၀ နှစ်မှ၁၅နှစ်၊ အခြေခံပညာ အသက် ၁၅နှစ်မှ ၂၀နှစ်၊ စုစုပေါင်းစာရင်းရှိ နှဲအမှုတ်ပြိုင်ပွဲဝင် ၃၂ဦးတို့က မဲပေါက်သီချင်းများဖြင့် သီဆိုနှဲမှုတ်အတတ်ပညာများအား ယှဉ်ပြိုင်ကြကြောင်း သိရသည်။

တင်စိုးလွင်