ပျဉ်းမနား အောက်တိုဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ ဒုတိယရဲမှူးကြီး ကျော်ကျော်ညွန့်၊ ပျဉ်းမနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး ပျဉ်းမနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ကွက်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ဆင်သေကျေးရွာနှင့် ကြို့တန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရေဘေးသင့် ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ကူညီပံ့ပိုးပေးခဲ့ကြသည်။
ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ယမန်နေ့က ကျွန်းဦးကျေးရွာ၊ ဆင်သေကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် ရေဘေးသင့်ကျေးရွာများသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)