မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

‌ရန်ကုန်  အောက်တိုဘာလ ၁၇

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးသူရနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးသူရက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ ပထမတန်းအမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး အလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ၊ ၅၀ နှစ်အထက် နှစ်ယောက်ပေါင်း အသက် ၁၁၀ ပြိုင်ပွဲ၊ ၆၀ နှစ်အထက် နှစ်ယောက်ပေါင်း အသက် ၁၃၀ ပြိုင်ပွဲ ၊ U-12 အမျိုးသား ပြိုင်ပွဲ ၊ U-12 အမျိုးသမီးပြိုင်ပွဲ၊ U-14 အမျိုးသားပြိုင်ပွဲ ၊ U-14 အမျိုးသမီးပြိုင်ပွဲ ၊ U-16 အမျိုးသားပြိုင်ပွဲ ၊ U-16 အမျိုးသမီးပြိုင်ပွဲများ၊ ကလပ်အသင်းပေါင်း ၂၈ သင်းဖြစ်ကြပြီး ပြိုင်ပွဲဝင်အားကစားသမားဦးရေ ၃၅၀ ကျော် ပါဝင်၍ အောက်တိုဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)