လွိုင်လင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးစီး

လွိုင်လင် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ရာ လွိုင်လင်မြို့နယ်တွင် ကောက်ကွက်ပေါင်း (၂၅၈)ကွက်ကို ယမန်နေ့က ကောက်ယူပြီးစီးခဲ့သည်။ 

ထိုသို့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် တပ်နယ်၏ကူညီပံ့ပိုးမှု ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးမှ အနီးကပ်ကြီးကြပ်ဆောက်ရွက်မှု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စာရင်းစစ်စာရင်းကောက်များ ကြိုးပမ်းဆောင်ရွက်ခြင်းကြောင့် ကောက်ကွက်အားလုံးကောက်ယူနိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်/ဆက်