နေပြည်တော် အောက်တိုဘာ ၁၆
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေး၊ ဥတ္တရသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း လမ်းမြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ဧဝရတ်နေပြည်တော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ရွှေနံ့သာရပ်ကွက်၊ စွယ်တော် (၁) လမ်း၊ (ပျဉ်းမနား-တောင်ညိုလမ်းနှင့်စစ်တောင်းလမ်းကြား) (၃၀၀ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် သစ္စာလမ်း (ပျဉ်းမနား-တောင်ညိုလမ်းနှင့်တနိုင်းခလမ်းကြား) (၈၀၀ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လမ်းများရေရှည်ခိုင်ခံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ လမ်းပုခုံးသားများအား စနစ်တကျဆောင်ရွက်ရေး၊ လမ်းဘေးဝဲ၊ ယာ သန့်ရှင်းသာယာလှပစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် Smart Golden Naypyitaw ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်နေသော ရွှေနံ့သာရပ်ကွက်ရှိ စွယ်တော်လမ်း (ပျဉ်းမနား-တောင်ညိုလမ်းနှင့်ငဝန်လမ်းကြား) (၁၇၂၅ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ Eagle Vogel Development ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်နေသော ဂန္ဓမာလမ်း(မြစ်မခ(၁)လမ်းနှင့် ငဝန်လမ်းကြား) (၁၀၅၀ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပိတောက်ဝါလမ်း (ပျဉ်းမနား-တောင်ညိုလမ်းနှင့်စစ်တောင်းလမ်းကြား) (၃၀၀ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပိတောက်ဝါလမ်း(ပျဉ်းမနား-တောင်ညိုလမ်းနှင့်မြစ်မခလမ်းကြား) (၅၅၀ပေx ၁၂ပေx ၈လက်မ) မြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား လည်းကောင်း၊ Golden Dragon Naypyitaw ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်နေသော ဂန္ဓမာလမ်း(ငဝန်လမ်းမှစွယ်တော်(၁)လမ်းထိ) (၁၂၀၀ပေx ၄ပေx ၄ပေ) အုတ်စီရေမြောင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးတိက္ခာစာရအား ဖူးမြှော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)